Friday, August 8, 2014

ကမ္ဘာ့အင်အားကြီး ခြောက်ပွင့်ဆိုင် အစည်းအဝေး မြန်မာတွင် ပြုလုပ်ဖွယ်ရှိ





အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်နေသော ရဲမေများကို သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အာဆီယံအစည်း အဝေးများအတွင်း ပြုလုပ်ခြင်း နည်းပါးသည့် နာမည်ကျော် အင်အားကြီး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြေများနေကြောင်း သတင်းရရှိသည်။

ရုရှား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီး ယားနှင့် တရုတ်စသည့် ခြောက်နိုင်ငံတို့သည် ၁၉၉၄ နောက်ပိုင်းမှစ၍အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သီးသန့်တွေ့ ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့သော်ပုံမှန်တွေ့ဆုံမှုမျိုးမရှိဘဲ အကြိမ်အရေအတွက်အလွန် နည်းပါးပြီး ယခုနောက်ဆုံး အစည်းအဝေးမလုပ်ဖြစ်သည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။

နျူကလီးယားမပြန့်ပွားရေး နှင့် နျူကလီးယားစွမ်းအင်လုံခြုံ ရေးဆိုင်ရာပြဿနာများအတွက် ခြောက်နိုင်ငံဆွေးနွေးပွဲမှာ အ လွန်အရေးပါနေသည်။ ထို့အပြင် တောင်နှင့် မြောက်နှစ်နိုင်ငံအစဉ် အငြင်းပွားနေသည့် ကိုရီးယား ကျွန်းဆွယ်ကိစ္စကလည်း ယင်း ဆွေးနွေးပွဲတွင် အဓိကအကြောင်းအရာတစ်ခုဖြစ်နေသည်။

‘‘ဒီခြောက်နိုင်ငံဆွေးနွေးပွဲ သာ နေပြည်တော်မှာ ဖြစ်မြောက် သွားရင် ဒါမြန်မာအတွက် သမိုင်း ၀င်ပဲ။ ဘာကြောင့် ဖြစ်ဖို့များလဲ ဆိုတော့ မြောက်ကိုရီးယားနဲ့ မြန် မာက ဆက်ဆံရေးရှိတယ်။ ဒီ အစည်းအဝေးကို မြန်မာကို ယုံကြည်ရင် မြောက်ကိုရီးယားက တက်ဖို့များတယ်။ ဒီတော့ အစည်းအဝေးဖြစ်၊ မဖြစ်က စိတ်ဝင်စား ဖို့ကောင်းတယ်။ မြောက်ကိုရီးယား တက်တယ်ဆိုရင် ဒါမြန်မာကို မြောက်ကိုရီးယားက အားကိုး ယုံကြည်တယ်ဆိုတာ ပြလိုက်တာပဲ’’ဟု အာဆီယံရေးရာ ကျွမ်းကျင်သူ ထိုင်းသတင်းစာ ဆရာ မစ္စတာက၀ီကပြောကြား သည်။

‘‘ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ (Six Parties Meeting) ကတော့ အခုထိတော့ ကျွန်တော်တို့ အ စည်းအဝေးအစီအစဉ်ထဲမှာ မပါ သေးဘူး။ ဒါပေမဲ့လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးတော့ သေချာမပြော နိုင်သေးပါဘူး’’ဟု အာဆီယံရေး ရာပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကပြောသည်။

မြန်မာသည် ကိုင်တွယ်ရ ခက်ခဲပြီး ညှိနှိုင်းသဘောတူရန် ရုန်းကန်ရသည့် တောင်တရုတ် ပင်လယ်ကိစ္စတွင် အဖွဲ့ဝင် နိုင်ငံ အားလုံးကျေနပ်စေသည့် ထုတ် ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ခြင်း ဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည် မှုကို ရရှိထားသည်။ ထို့အပြင် လွန်ခဲ့သည့် ၂ နှစ်က ကမ္ဘောဒီးယားနိုင်ငံ ဥက္ကဋ္ဌရာထူးယူစဉ်ကထက် အဖွဲ့ဝင် အချင်းချင်းကြား ပြေ လည်ရန်ညှိနှိုင်းစေ့စပ်ဆွေးနွေးမှု များ ကောင်းစွာ လုပ်ထားခြင်း ကြောင့် အင်အားကြီးခြောက်နိုင်ငံ ကြား ညှိနှိုင်းမှုကောင်းကောင်း လုပ်နိုင်မည်ဟု မျှော်လင့်နိုင် ကြောင်း မစ္စတာက၀ီက ပြော သည်။

လက်ရှိတွင် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေး နှင့် အာရှဒေသတွင်းဖိုရမ်တို့သို့ တက်ရောက်ရန် အာဆီယံဒေသ တွင်းနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံနှင့် ဆွေးနွေးဖက် ၁၇ နိုင်ငံအနက် နိုင်ငံအချို့မှဝန်ကြီး များ နေပြည်တော်သို့ သြဂုတ် ၇ ရက်တွင် စတင်ရောက်ရှိနေပြီဖြစ် သည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More