တာဝန်တွေများတယ်
မလုံတဲ့ခေါင်မိုးကို ကာရံပေးဖို့
ရဲရဲနီတဲ့အခန်းကို ဆေးဖြူခြယ်ဖို့
ဦးစီးသူတစ်ယောက်ရဲ့သွေးဟာ အားဖြစ်ကြောင်းသက်သေပြဖို့
မြင့်မိုရ်တောင်ဟာ ဝမ်းရေမစပ်ခဲ့ကြောင်းနဲ့
မှင်နီတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ရေးခြစ်ခဲ့တဲ့အတွက်
တာဝန်တွေရှိသေးတယ်...
ကြမ်းတစ်ခုလို ဆင်းလိုက်တတ်လိုက် လုပ်လဲခံဖူးပြီ
ငြမ်းလို နင်းပြီ ဖျက်လိုက်တာမျိုးလဲနာဖူးပြီး
ဘယ်ဝမ်းထဲပဲ ဝင်ကြည့်ကြည့် အပုပ်နံ့ပဲ သံသရာအထိစွဲတယ်
မှတ်ပုံတင်နံပါတ်ကလွဲပြီး
အရေးကြီးတယ်ထင်တာခဲ့တာတွေမေ့လိုက်မယ်
ကျောကဓါးကိုလဲဆွဲနှုတ်ဖို့ မကြိုးစားဘူး
နောက်တစ်စင်း လိုချင်မိတယ်
တစ်ဘဝလုံးချမရေးဖြစ်တဲ့ အက္ခရာကို ဒီနှစ်ထဲမှင်ကြောင်ထိုးမယ်
ဒီပုခုံးနှစ်ဖက်မှာ စိတ်မကောင်းမဖြစ်နဲ့ဆိုတာဆိုမှ
မကောင်းစိတ်ကဝင်လာတယ်
ကြက်ယက်သလို လွင့်စင်ကုန်တဲ့ဘဝတွေကို
ကြက်အစာကောက်သလို လိုက်ကောက်ရတယ်
အသုံးစရိတ်နည်းတဲ့ တန်ဖိုးနည်းဘဝတွေမှာ
နေ့စဉ် ဆီဖိုးကုန်စရာမရှိဘူး
နေ့စဉ် ဈေးဖိုးကုန်စရာမရှိဘူး
နေ့စဉ် ဆေးဖိုးကုန်စရာမရှိဘူး
နေ့စဉ် မုန့်ဖိုးလဲကုန်စရာမရှိဘူး
မိုက်လုံးကြီးတဲ့သြရသအတွက်တောင် ကုန်စရာစိတ်မရှိကြဘူး
အာမမခံဘူး ကတိကဝတ်မပေးနိုင်ဘူး
တေလေတစ်ယောက်က သူ့အိမ်ပြန်ချိန်ကိုAlarmပေးဖို့ခက်နေသလိုမျိုး
အစိတ်စိတ်ကွဲနေတဲ့အပိုင်းအစတွေက ဘယ်ကစကိုင်တွယ်ရမလဲမသိဘူး
ရှုံးစရာကကုန်ပြီ နိုင်စရာတွေပဲကျန်တော့တယ်
ဒါပေမယ့် နာစရာတွေတော့ရှိသေးတယ်
ထိခိုက်ဒဏ်ရာမဟုတ်တော့ အနာသိလဲ ဒီခေတ်ထဲမှာဆေးကရှားတယ်
စိုက်ပျိုးထွန်ယက်ခဲ့သမျှတိုင်းဟာ ရိတ်သိမ်းဆွတ်ခူးရတာနဲ့ ဘယ်မှနေရာမှညီမျှဘူး
ကံကောင်းခြင်းနံပါတ် ၇က မျိုးစိတ်ပျောက်တဲ့ သတ္တဝါအတွက်
၁အစ ၃၁အဆုံးခြောက်လှန့်တယ်
လောကပါလနတ်တွေဟာ ၇လပိုင်းမှာအနားယူတာမသိခဲ့တော့
နှစ်စဉ်နှစ်တိုင်း မိုးကျပြီဆို မတ်စေ့ကို ပါးစောင်မှာကပ်
၎လကြာ ဈာပနာကိုတိတ်တဆိတ်ကျင်းပမယ်
မုန်တိုင်းလဲမမြင်ချင်ဘူး သက်တံငေးသူလဲမဖြစ်ချင်ဘူး
အရှိတရားနဲ့ဆေးဖက်ဝင်ခြင်းဟာခါးတယ်
နေ့တိုင်းပြုံးရ ရယ်ရ ပျော်ပြရတယ်
ငါဟာ မျက်နှာဖုံးရောင်းတဲ့ဈေးသည်လို
နောက်ဆုံးဆုတောင်းက "ငါကလွဲပြီး ငါချစ်တဲ့လူများ သက်တော်ရာကျော်ရှည်ပါစေ"
ပေးတဲ့ဆုတိုင်းဟာဘယ်တော့မှပြည့်တယ်မရှိတော့
ကိုယ်အရင်ကွယ်ပျောက်ဖို့ကိုတောင် ဆန္ဒမပြုရဲဘူး
ဘဝဆက်တိုင်းမှာ ရေနစ်သေတဲ့တံငါသည် ဒါဖြစ်ဖို့ပဲမျှော်လင့်တယ်
0 comments:
Post a Comment