Friday, August 8, 2014

၂၀၁၅ရောက်ရင်တော့ ဂီတဘက်ကို ပိုပြီး လုပ်ဖြစ်မယ်လို့ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်




ဂီတနဲ့ ရုပ်ရှင်ဘက်မှာ အောင်မြင်နေသူဖြစ်သလို၊ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေမြဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ခုနောက်ပိုင်း ဂီတထက် ရုပ်ရှင်ဘက်ကိုပိုပြီး လှုပ်ရှားဖြစ်နေတာ တွေ့ရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တဲ့အခါ သူက “သီချင်းအသစ်တွေလည်း ရေးဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့၂၀၁၃ခုနှစ်အတွင်းမှာတော့ ဂီတထက် ရုပ်ရှင်ဘက်ကို ကျွန်တော်ပိုပြီး လုပ်ခဲ့တာများတယ်။ လာမယ့်၂၀၁၅ခုနှစ် ရောက်ရင်တော့ သီချင်းဘက်ကို ပိုပြီး လုပ်ဖြစ်ဖို့ကို ကျွန်တော် စဉ်းစားထားပါတယ်။ ကျွန်တော့်ရဲ့ဒိတ်ဒိတ်ကြဲ MTV ကိုလည်း မိုးတွင်း မကုန်ခင်မှာ ထွက်ရှိဖို့ကြိုးစားနေပါတယ်။ အတွဲခွေတွေအနေနဲ့ကတော့ ချယ်ရီFM ငါးနှစ်ပြည့်ပွဲမှာ ကျွန်တော် ဝင်ဆိုထားတာ ရှိပါတယ်။ နောက်ပြီး ဒီနှစ်ကျင်းပမယ့် ရွှေFM ရဲ့ နှစ်ပတ်လည်ပွဲမှာလည်း ကျွန်တော်တစ်ခါမှ မပါဖူးသေးတဲ့အတွက် ပါဝင်ပေးမယ်လို့ ပြောထားပါတယ်။ အဲဒီပွဲအတွက် ကျွန်တော်သီချင်း အသစ်တစ်ပုဒ် ရေးနေပါတယ်။ ဒိတ်ဒိတ်ကြဲMTV ထွက်ရှိပြီးရင်တော့ နောက်ထပ် ကျွန်တော့်စီးရီး အသစ်စလုပ်ဖို့ရှိပါတယ်”တဲ့။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More