Friday, August 8, 2014

ဒီမာရီယာ ဈေးကြီးလွန်း၍ ပီအက်စ်ဂျီနောက်ဆုတ်




ရီးရဲလ်မက်ဒရစ်မှ အိန်ဂျယ် ဒီမာရီယာမှာ ဈေးကြီးလွန်းသဖြင့် ၎င်းကို ခေါ်ယူရေး ပီအက်စ်ဂျီ ဘက်က နောက်ဆုတ် သွားသည်။

မန်ယူအသင်းသည် ဒီမာရီယာ (၂၆)နှစ်ကို ခေါ်ယူရေး ရီးရဲလ်နှင့် ဆွေးနွေးနေသည်။ ဒီမာရီယာကို ခေါ်ယူရေး ဆွေးနွေးမှုများ ရပ်လိုက်ကြောင်းကို ၎င်းတို့ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားသူဒေးဗစ်လူးဝစ်ကို မိတ်ဆက်ချိန်တွင် ပီအက်စ်ဂျီဥက္ကဋ္ဌ နက်ဆာအယ်လ်စီလိုင်ဖီက ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

ပီအက်စ်ဂျီဘက်က နောက်ဆုတ်သွားခဲ့၍ ထိပ်တန်းကွင်းလယ်ကစား သမားတစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေသော ဗန်ဂါးလ်မှာ ဒီမာရီယာအပေါ် အသစ်တစ်ဖန် စိတ်အားထက်သန်လာဖွယ်ရှိသည်။

ဒီမာရီယာမှာ ရီးရဲလ်နှင့် ၂၀၁၈ အထိစာချုပ်ချုပ်ထား၍ ၎င်းအားခေါ်ယူရေး ပေါင် ၄၇ ဒသမ ၅ သန်းနှင့်အထက် ကမ်း လှမ်းရဖွယ်ရှိသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More