Monday, August 11, 2014

သြစတြေးလျအေလိဂ် All Stars အသင်းကို ဂျူဗင်တပ် ၃-၂ ဂိုးဖြင့် အနိုင်ရ



ဆစ်ဒနီ−သြစတြေးလျနိုင်ငံ ဆစ်ဒ နီမြို့ရှိ အိုလံပစ်ဘောလုံးကွင်း တွင် သြဂုတ်လ ၁၀ ရက်က ယှဉ် ပြိုင်ခဲ့သော ရာသီကြို ချစ်ကြည် ရေးပွဲစဉ်တွင် ဒယ်ပီယာရို ဦး ဆောင်သည့် အေလိဂ်ဘောလုံး ကြယ်ပွင့်များအသင်းကို အီတလီ ချန်ပီယံ ဂျူဗင်တပ်က ၃-၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
မာဆယ်လို ကာရုစ်ကာနှင့် တွမ်မီဂျူရစ်တို့၏ သွင်းဂိုးများဖြင့် အေလိဂ်အသင်းက ဦးဆောင် ထားနိုင်သော်လည်း ဂျူဗင်တပ် က ကော်ရန်တေး၊ ပေါ့ဂ်ဘာနှင့် ပီပီတို့၏ ဒုတိယပိုင်းသွင်းဂိုးများ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်က အီတလီလက် ရွေးစင် ဘူဖွန်၊ ပီယာလို၊ အာဂျင် တီးနား လက်ရွေးစင် တီဗက်ဇ်၊ ပြင်သစ်လက်ရွေးစင် အီဗရာနှင့် ပေါ့ဂ်ဘာတို့ အပါအ၀င် ပထမ ဦးစားပေး ကစားသမားအားလုံး နီးပါးဖြင့် ပွဲထွက်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲကစားချိန်အထိ ခက်ခက်ခဲခဲ ကစားခဲ့ရသည်။
အေလိဂ်ဘက်မှ ကစားနေ သော ဂျူဗင်တပ်တိုက်စစ်မှူး ဟောင်း ဒယ်ပီယာဂိုကို ပွဲချိန် ၆၃ မိနစ်တွင် လူစားထိုးလိုက်ချိန်တွင် အသင်းဖော်ဟောင်းများက နွေး နွေးထွေးထွေး နှုတ်ဆက်ခဲ့ကြ သည်။            

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More