Monday, August 4, 2014

မန်မာပရိသတ်တွေ အားပေးပုံကို ကြိုက်သွားပြီး နောက်လည်း ထပ်လာချင်ဟု ကိုရီးယားကေပေါ့ပ် 2NE1 အဖွဲ့ဆို

မြန်မာပြည်သူများ၏ နွေးထွေးတဲ့ကြိုဆိုပုံမျိုးနဲ့ဆို နောက်ထပ်ပြီးတော့ အခေါက်ခေါက်အခါခါ မြန်မာပြည်ကို လာချင်ပါသေး တယ်ဟု 2NE1အဖွဲ့မှ ပြောကြား ခဲ့ကြောင်း သိရသည်။

2NE1အဖွဲ့သည် မြန်မာပြည် သို့ ဇူလိုင် ၃၁ရက် ည ၁၁နာရီအ ချိန်တွင် ရောက်ရှိခဲ့ပြီး 2NE1အဖွဲ့ အားကြိုဆိုရန်အတွက် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပရိ သတ်အများအပြားသွားရောက်ကြို ဆိုခဲ့ကြောင်းသိရသည်။

''2NE1 အဖွဲ့ကို ကျွန်တော် တို့မြန်မာနိုင်ငံက တော်တော်လေး ကို အားပေးကြတယ်။ သူတို့ရဲ့ပုံစံကို အပြင်မှာမြင်ဖူးချင်ကြလို့ ဆိုပြီးတော့ လေဆိပ်မှာ မနက်ကတည်းက လာ စောင့်နေလိုက်ကြတာ၊ တစ်နေကုန် ကို ထိုင်စောင့်နေကြတာကို မြင်ရ တော့ တကယ်ကိုဝမ်းသာခဲ့ရတယ်။ 2NE1အဖွဲ့က မြန်မာပြည်ကို ညဥ့် နက်မှရောက်ပေမယ့်လဲ တစ်ယောက် မှ မပြန်ကြဘူး'' ဟု Living Soung Entertainment အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

2NE1အဖွဲ့နှင့် ပရိသတ်များ တွေ့ဆုံခြင်းနှင့် သတင်းစာရှင်းလင်း ပွဲအား သြဂုတ် ၁ရက် နေ့လယ်ပိုင်း တွင် Myanmar Event Park တွင် ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ်အများ အပြားလာရောက်အားပေးခဲ့ကြပြီး 2NE1အဖွဲ့သည် မီဒီယာမေးခွန်း ၁ဝခုကိုလည်း အလှည့်ကျဖြေဆိုပေး ခဲ့ကြောင်းသိရသည်။

2NE1အဖွဲ့မှ CL က ''ဒီတစ် ကြိမ်က ကျွန်မတို့တွေ မြန်မာပြည် ကို ပထမဦးဆုံးအကြိမ်လာရောက် တာဖြစ်တဲ့အတွက် မြန်မာပြည်က ပရိသတ်တွေ ကျွန်မတို့ကို ဒီလောက် ထိ အားပေးလိမ့်မယ်လို့ မထင်မှတ် ထားဘဲ မနေ့ကလိုမျိုး လေဆိပ်မှာ လူတွေအများကြီး လာကြိုတဲ့အ တွက် အရမ်းကိုဝမ်းသာခဲ့ရပါတယ်။ နောက်တစ်ကြိမ် မြန်မာပြည်ကို ထပ် လာချင်ပါသေးတယ်။ 2NE1အဖွဲ့ ဆိုတာက ပရိသတ်တွေအားပေးတဲ့ အတွက် အောင်မြင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ် လာတာပါ။ ပရိသတ်တွေသာ အား မပေးဘူးဆိုရင် ဒီနေ့ဒီအချိန်မှာ 2NE1အဖွဲ့ဆိုတာရှိလာမှာမဟုတ် ပါဘူး''ဟု ပြောသည်။

ပရိသတ်များနှင့် 2NE1အဖွဲ့ တွေ့ဆုံပွဲတွင် ယွန်းဝတီလွင်မိုးက လာရောက်အားပေးခဲ့ပြီးအများစုမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များ လာရောက်ခဲ့ပြီး 2NE1အဖွဲ့ ၏ တေးသီချင်းများအား 



တစ်ပုဒ် မကျန်လိုက်ဆို၍ တစ်ခဲနက်အား ပေးခဲ့ကြသည်။

''2NE1 အဖွဲ့ကို အရမ်းကို ကြိုက်တယ်။ သူတို့ဆိုတဲ့သီချင်းတွေ ကိုလဲ အားလုံးကြိုက်တယ်။ သူတို့မြန် မာပြည်ကို လာတာက 2NE1အဖွဲ့ ကို အားပေးကြတဲ့ သမီးတို့လို လူငယ် တွေအတွက်တော့ တကယ်ကိုဝမ်း သာရင်ခုန်စရာပါပဲ''ဟု ယွန်းဝတီ လွင်မိုးက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် ကိုရီးယားတွင် နာ မည်ကြီးသည် K-Pop အဖွဲ့ လာ ရောက်ဖျော်ဖြေနိုင်ရန်အတွက် Samsung Myanmar က စီစဉ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

2NE1အဖွဲ့သည် သြဂုတ်၂ ရက်နေ့တွင် Myanmar Event Park ၌ ည ၇နာရီမှစတင်၍နှစ်နာရီ ကြာ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More