Wednesday, July 30, 2014

မဖြစ်သင့်သောအပြုအမူ




စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူကြောင့် စောင့်ကြည့် သတိပေးမှုများ ပိုမိုလုပ်နေရ
စေတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှု များကို ဂေါပအဖွဲ့ လုံခြုံရေး ၀န်ထမ်းများက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှု များ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
‘‘ဘုရားက ပရ၀ဏ်လည်း ကျဉ်းပါတယ်။ ဘုရားဖူးတွေပြည့်နေလို့ ဆိုးဆိုး ရွားရွား စုံတွဲတွေ ရှားပါတယ်။ သရုပ်ပျက်တာတွေ ဖြစ်လာခဲ့ရင် ထိန်းသိမ်း ပြောဆိုမှုတွေ လုပ်ပါတယ်။ လုံခြုံရေးဝန်ထမ်း ၃၀ ကျော်နဲ့ ဆောင်ရွက်နေ ပါတယ်’’ ဟု ကျိုက်မှော်ဝန်း ရေလယ်စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှသွင် က ဆိုသည်။
လူမှုကွန်ရက် မီဒီယာများတွင် စေတီရင်ပြင်ပေါ်၌ မဖွယ်မရာနေထိုင်သောပုံကို ရိုက်ထားသည့် တက္ကသိုလ်ကျောင်းသား စုံတွဲပုံနှင့် အခြားကျောင်းသား စုံတွဲ ဓာတ်ပုံတို့ ပျံ့နှံ့နေပြီး ကျောင်းသားများအနေဖြင့် ဘုရားပရ၀ဏ်အတွင်း နေထိုင်ရန် မပြုမူသင့်သော အမူအရာများဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူ များက ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိသည်။
စုံတွဲများအတွက် သတိပေး ဆိုင်းဘုတ်များရေးထားပြီး စုံတွဲများကို မဖွယ်မရာ တွေ့လျှင် နှင်ထုတ်ကြောင်း၊ အရွယ်မရောက်သေးသော အထက်တန်း ကျောင်းသား အတွဲများကို စေတီရင်ပြင်ပေါ်တွင်တွေ့လျှင် ကျောင်းသား မိဘကိုခေါ်၍ အပ်နှံခဲ့ဖူးကြောင်း မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန် သစ္စာရှင်ဘုရား ဂေါပတွဲဖက်အတွင်းရေးမှူး ဦးညိုဝင်း က ဆိုသည်။
‘‘နယ်ဘက်က ဘုရားတွေမှာလည်း ကျောင်းဝတ်စုံတွေနဲ့ မဖွယ်မရာလုပ်တာ ရှိတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာတစ်ယောက်အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး။ ဆရာ မကတော့ ကျောင်းသူတွေကို မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ ထိန်းသိမ်းရမယ့် ကိစ္စတွေကို အမြဲဆုံးမတယ်’’ ဟု မအူပင် တက္ကသိုလ် (မြန်မာစာဌာန) လက်ထောက်က ထိကဟောင်း ဒေါ်စန်းကေသီအောင် က ပြောသည်။
ကျောင်းသားဟောင်း တစ်ဦးက ‘‘သန်လျင် ဂျီတီစီကို ဟိုနေ့က သွားတော့ ကျောင်းအပြင် ကန်တင်းက အိမ်မှာ ဖဲဝိုင်းက နှစ်ဝိုင်းရှိတယ်။ အဲဒါတွေကြောင့် ဒီလို ပုံတွေ ဗီဒီယိုတွေ တက်လာတာပေါ့။ သူတို့မကောင်းလို့ ပုံတွေတက်လာ တယ်ဆိုပေမယ့် ကျောင်းသားတွေ ကျောင်းမှာ ပညာရေး စိတ်ဝင်စားအောင် လုပ်ပေးတဲ့ အရာတွေ မရှိဘူးလေ။ အဲဒါကြောင့် ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ တွေ့နေရတာ။ ဆေးတက္ကသိုလ် ၂ မှာဆို မနက် ၈ နာရီဆို အနီးအနား ဂိမ်းဆိုင်မှာ ဆရာဝန်လောင်းတွေနဲ့ ပြည့်နေပြီ’’ ဟုဆိုသည်။
‘‘ဘုရားအနေအထားက အတွင်းနည်းနည်းကျတယ်။ စည်ကားမှုနည်းတယ်။ စုံတွဲတွေ မဖွယ်မရာတွေ မဖြစ်ရအောင်လို့ လုံခြုံရေး ဂေါပကက ပုံမှန်မနက် ၇ နာရီခွဲကနေ ည ၉ နာရီအထိ ကြပ်ကြပ်မတ်မတ် လုံခြုံရေးတိုး မြှင့်လုပ်နေပါ တယ်’’ ဟု မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက်ကလဲ့ စေတီတော် ဂေါပက ဥက္ကဋ္ဌ ဦးအောင်နိုင် က ဆိုသည်။
ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား အချို့အပါအ၀င် လူပြတ်ပြီး ချောင်ကျသော ဘုရားအချို့တွင် လာရောက်သော စုံတွဲအချို့သည် မနေထိုင်သင့်သော အပြုအမူများဖြင့် တစ်ခါတစ်ရံ မြင်တွေ့ရလေ့ရှိကြောင်း ဘုရားဖူးအချို့က ပြောသည်။
7Day Daily

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More