Friday, August 8, 2014

၁၂ နှစ်အရွယ်သားနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရတဲ့ မိခင်





သူမရဲ့ အဖေါ်က အင်တာနက်ကင်မရာပေါ်ကနေ ညွှန်ကြားကြည့်ရှုနေချိန်မှာ ၁၂ နှစ်အရွယ်သားနဲ့ လိင်ဆက်ခဲ့တဲ့ မိခင်တစ်ဦးထောင်ဒဏ်ကျခံခဲ့ရပါတယ်။
သူမရဲ့သားကို အိပ်ရာထဲ လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုပြုလုပ်နေချိန်မှာ သူမက နားကြပ်ကို တပ်ဆင်ထားပြီး သူမရဲ့ချစ်သူက အင်တာနက်နဲ့ နိုင်ငံရပ်ခြား အဝေးတစ်နေရာကနေ ကြည့်ရှုနေတာဖြစ်ပါတယ်။
သူ့ကို မိခင်ဖြစ်သူက လိင်သင်ခန်းစာပေးနေချိန်မှာ သူ့အမေကို ဘယ်လိုလုပ်ရမလဲညွှန်ကြားနေတဲ့ အသံကို ကြားခဲ့ရတဲ့ကြောင်း အဲဒီ့ကောင်လေးက ရဲကိုပြောပြပါတယ်။
သူမရဲ့သားနှစ်ဦးထဲက သားကြီးဖြစ်သူကို အလွဲသုံးစားပြုလုပ်ဖူးကြောင်း အလွဲသုံးစားပြုလုပ်ခံရသူများကိုကူညီတဲ့ဌာနေ ရန်ပုံငွေအဖွဲ့အစည်းတစ်ခုကို အမှတ်တမဲ့ ပြောမိခဲ့တဲ့အတွက် ဒီပြစ်မှုအကြောင်း လူသိခဲ့တာဖြစ်ပါတယ်။
သူမရဲ့ အဖျက်စွမ်းအားပြင်းတဲ့ ချစ်သူဟာ အခုအချိန်ထိ ဥပဒေပြင်ပမှာ လွတ်မြောက်နေသေးကြောင်း တရားရုံးကကြားသိရပါတယ်။
ကလေးရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်တဲ့အနေနဲ့ အမည်မဖေါ်ထားတဲ့ အဲဒီ့အမျိုးသမီးကို Bristol Crown တရားရုံးကနေ ထောင်ဒဏ် သုံးနှစ်နဲ့ သုံးလကျခံစေခဲ့ပါတယ်။
တရားသူကြီး Michael Longman က ‘ခင်ဗျားသားပေါ်ခင်ဗျားရဲ့အပြုအမူက လူသား သဘာဝပင်ကိုယ်ဗီဇ၊ အခြေခံ ကာအိနြေ္ဒတို့နဲ့ဆန့်ကျင်နေခဲ့တယ်’ လို့သူမကိုပြောပါတယ်။
ဒီပြစ်မှုကျူးလွန်ခဲ့တဲ့အချိန်မှာ အဲဒီ့ကောင်လေးအသက်က ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်သာရှိသေးကြောင်း တရားရုံးကကြားနာခဲ့ပါတယ်။
တရားရုံးကြားနာမှုတစ်လျှောက် ငိုကြွေးနေခဲ့တဲ့ အဆိုပါမိခင်က သူမရဲ့သားနဲ့လိင်ဆက်ဆံမှုမှာ မပါဝင်ခဲ့ကြောင်း ငြင်းဆန်ပါတယ်။
သားနှစ်ဦးကိုတော့ လူမှုရေးအဖွဲ့အစည်းတွေက အုပ်ထိန်းခဲ့ပြီး အခုအခါမှာတော့ မွေးစားမိဘတွေနဲ့ နေထိုင်နေတယ်လို့ဆိုပါတယ်။
 အဆိုပါ အင်တာနက်ကညွှန်ကြားသူဟာ နိုင်ငံရပ်ခြားမှာရှိနေဆဲဖြစ်ပြီး ရဲကတော့ သူ့ကိုဖမ်းဆီးစစ်ဆေးဖို့အတွက် အဲဒီ့နိုင်ငံရဲ့အာဏာပိုင်တွေဆီကနေ သတင်းရယူနေဆဲဖြစ်ပါတယ်။ တရားဥပဒေရေးရာအကြောင်းပြချက်တွေကြောင့် အဲဒီ့နိုင်ငံအမည်ကိုတော့ မပြောပါဘူး။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More