Friday, August 8, 2014

အောက်တိုဘာလမှာ ထုတ်လုပ်ရောင်းချမယ့် Apple ရဲ့ Apple iwatch နာရီ




Apple ကို ကြိုက်နှစ်သက်သူတွေအားလုံး Apple iwatch အကြောင်းနဲ့ ပတ်သက်ပြီး  ဖတ်ရှုရမယ့် သတင်းဖြစ်ပါတယ်။ Apple ကုမ္ပဏီက ရှေ့လအတွင်း ထုတ်လုပ်ရောင်းချနိုင်ဖို့ Apple iwatch ထုတ်ကုန်အသစ်ရဲ့နောက်ဆုံးအချောကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မတူညီကွဲပြားတဲ့ ပုံစံနှစ်မျိုးနဲ့ ၁.၇ လက်မ ၊ ၁.၃ လက်မ ရှိ မျက်နှာပြင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလက်ပတ်နာရီကို အမျိုးသားနဲ့ အမျိုးသမီး အတွက် နှစ်မျိုးစလုံး ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မျက်နှာပြင် ပိုမိုသေးငယ်တဲ့ အရွယ်အစားနဲ့ iwatch ကို တောက်ပတဲ့အရောင်နဲ့ အရောင်နှစ်မျိုးစပ်နဲ့ ရရှိမှာဖြစ်ပါတယ်။
http://www.zadtech.com/wp-content/uploads/2013/11/Apple-iWatch-Can-Be-Launching-With-1.7-and-1.3-Variants_thumb.jpgလက်မှာပတ်လို့ ရတဲ့ Apple iwatch ကို OLED ဒီဇိုင်းနဲ့ ထုတ်လုပ်မှာဖြစ်တယ်။ ၎င်း OLED မှာ ၃၂၀ × ၂၃၀ resolution ရှိမှာဖြစ်တဲ့အတွက် ရှင်းလင်းပြတ်သားစွာမြင်တွေ့ရမှာဖြစ်တယ်။ Motorola၊ Samsung၊ LG တို့လို စမတ်နာရီဘရင်တို့ကို ယှဉ်ပြိုင်နိုင်ဖို့ ပုံစံကို အပြောင်းအလဲလုပ်နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ Samsung ကုမ္ပဏီကလည်း သူ့ရဲ့ စမတ်နာရီကို ဒီဇိုင်းအမျိုးမျိုးပြောင်းလဲ ထုတ်လုပ်နိုင်အောင် စီစဉ်ထားလျက်ရှိနေပြီး လာမယ့် နှစ်လအတွင်း ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။ Apple iwatch ကို စက်တင်ဘာလနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ လဆန်းပိုင်းလောက်မှာ ထုတ်လုပ်သွားမယ့် အလားအလာရှိပြီး Samsung Galaxy Gear၊ Motorola Moto 360 ၊ Sony စမတ်နာရီတို့ကိုလည်း ယခုနှစ်မကုန်မီ တွေ့မြင်ရမှာဖြစ်ပါတယ်။ Apple Inc.  က ၎င်းရဲ့ iwatch ကို ထူးခြားလှပတဲ့ ဒီပုံစံသွင်းဖို့ Nike ရဲ့အဓိက ဒီဇိုင်နာကို ငှားထားတာကြောင့် အသွင်အပြင်ပိုင်း အနေနဲ့ လှပပြီး ဆွဲဆောင်မှုရှိနေမှာဖြစ်တယ်။ အသုံးပြုချင်သူတွေအနေနဲ့ ဈေးကွက်ကို ရောက်လာဖို့ အချိန်အနည်းငယ်သာ စောင့်ဆိုင်းရမှာဖြစ်ကြောင်းနဲ့ ဈေးနှုန်းကိုလည်း သတ်မှတ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။Source: zadtech

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More