Wednesday, August 6, 2014

အဆိုတော်ကောင်လေးနဲ့ သတင်းဟာ လုံးဝမဟုတ်ပါဘူးလို့ အတိအလင်း ထပ်ဖြေကြားလိုက်တဲ့ သဉ္ဇာနွယ်ဝင်း




နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဟစ်ဟော့ အဆိုတော်တစ်ယောက်နဲ့ သတင်းတွေ ထွက်နေခဲ့တဲ့ နာမည်လေးလုံးပိုင်ရှင် မော်ဒယ်လ်မင်းသမီးချောလေး သဉ္ဖာဇာနွယ်ဝင်းနဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သူမရဲ့လှုပ်ခတ်နေတဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး မေးကြလိုက်တဲ့ အခါမှာတော့ သူမက “အချစ်ရေးက မဖြေတော့ဘူးအစ်မ။ ရည်းစားတော့မရှိပါဘူး။ ဒါပေမဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မဖြေတော့ဘူးလို့ဆုံးဖြတ်ထားလို့ပါ။ ဘာမှလဲ စိတ်ဝင်စားစရာလဲ မကောင်းဘူးဆိုတော့လဲ။ အခုသဉ္ဖာကဘယ်လိုဖြစ်သွားလဲဆိုတော့ ကိုယ့်ကိုကိုယ်တောင် ချစ်လို့မ၀တော့ တခြားသူကိုလဲ မချစ်ချင်ဘူး။ ပြီးတော့ ဒီအနုပညာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဆို စိတ်ကမပြတ်သားဘူး။ အလုပ်ချိန်မှာ အလုပ်ပဲ ခေါင်းထဲထည့်ထားချင်တယ်။ ရည်းစားတွေထားရင် အဲ့ဒီဖက်ကို စိတ်ရောက်နေမှာစိုးလို့အရွယ်ကလဲ ငယ်တဲ့အခါကျတော့ အိမ်ထောင်ဖက်တွေ ဘာတွေကို ရွေးချယ်ရတဲ့အရွယ် မဟုတ်သေးဘူး။ အချစ်နဲ့ ပတ်သတ်ပြီး ပြောလို့အမှားပါသွားရင်လဲ ပရိသတ်တွေက တစ်မျိုးမြင်မှာလဲ စိုးလို့ပါ”တဲ့။

အဆိုတော်တစ်ယောက်နဲ့အသံတွေ ထွက်ခဲ့တဲ့အဖြစ်ကိုလည်း “ရည်းစားမရှိတာ တော်တော်ကြာပါပြီ။ ရည်းစားလဲထားဖို့ အစီအစဉ် မရှိသေးဘူး။ အမှန်အတိုင်းပြောရရင် ဖုန်းတော့ပြောတယ်။ လူငယ်ကတော့ စိတ်ဝင်စားတာ ဘာညာရှိတာပေါ့နော်။ အိမ်ကတော့ လုံးဝမကြိုက်ဘူး ။ အရင်က အလုပ်မှာ အရမ်းအားစိုက်ပြီး အခုနောက်ပိုင်း အားစိုက်တာ နဲနဲလျော့တယ်လို့ သူတို့ဖက်က ထင်နေတယ်။ ညီမကတော့ ခုရည်းစားမရှိတဲ့အတွက် ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ မိဘတွေကကျတော့ အရမ်းတင်းကျပ်တဲ့အတွက် တကယ်လို့ ကိုယ်ကြိုက်ခဲ့တယ်ဆိုရင်တောင် ရည်းစားထားလို့မရဘူး။ ကိုယ်မအောင်မြင်သေးဘူး။ အကောင်းဆုံးနေရာ မရခင်မှာ ရည်းစားထားတာတို့စိတ်ရှုပ်စေတဲ့ ဘယ်ကိစ္စကိုမဆို မလုပ်ချင်ဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ အဆက်အသွယ်ရှိပါတယ်” လို့ ပြောပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More