Tuesday, August 5, 2014

အရှုးံမပေးပါ




လောကဒဏ်ကို အရှုံးပေးတတ်သူဟာ ဘ၀မှာအမြဲတမ်းသိမ်ငယ်တတ်သူတွေ ဖြစ်လာပါတယ်။ ဘ၀အတွက် ပြိုင်ပွဲတွေ
ဟာ သူများတွေနဲ့ မပြိုင်ခင် ကိုယ်တစ်ယောက်တည်း အရင်ပြိုင်ဆိုင်မှုရှိနေရမယ်။ ဒီနေ့ နဲ့ မနက်ဖန် ကိုယ့်ရဲ့စွမ်းအားတွေ
ပြောင်းလဲတိုးတက်မှုမရှိရင် လောကဒဏ်ကို ပြိုင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။
ဘ၀မှာ သူများထက်သာနေတဲ့သူတွေဟာ အများကြီးလုပ်နေတာမဟုတ်ပါဘူး။ သူများထက် နည်းနည်းလေးပိုလုပ်လိုက်
တာပဲဖြစ်ပါတယ်။ အပြေးပြိုင်ပွဲမှာ ဦးစွာပန်းဝင်တဲ့သူတွေဟာ အခြားသူတွေထက် ခြေတစ်လှမ်းလောက်ပဲစောခဲ့တာပါ။
ယနေ့ အောင်မြင်နေတဲ့သူတွေဟာ သူများထက် နည်းနည်းလေးပိုလုပ်လိုက်တဲ့သူတွေပါပဲ။
ဒီနေ့ လုပ်တာထက်၊ မနက်ဖန်လုပ်တာ ပိုခရီးရောက်တိုင်း မိမိဟာ ပိုပြီးကြံ့ခိုင်လာပါတယ်။ တစ်နေ့ ထက်တစ်နေ့  ကိုယ်
တိုင်ပြိုင်ဆိုင်မှုတွေလုပ်နေပြီဆိုရင် လောကဒဏ်ကိုအံတုဖို့  မိမိဟာ အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ့်ရဲ့ပြိုင်ဘက်အားလုံးကို
လည်း ခြေတစ်လှမ်းနဲ့ ဖြတ်ချခဲ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဘ၀ကို ပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်မယ်ဆိုရင် အဲ့ဒီပြိုင်ပွဲထဲမှာ
မိမိပါဝင်ပြီး ယှဉ်ပြိုင်နေဖို့ သာ လိုပါလိမ့်မယ်။
True Man

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More