Friday, August 8, 2014

တရုတ်နိုင်ငံမှာ ချိုင်းရော၊ ချိုင်းမွှေးပါ ပေါ်အောင်ရိုက်တဲ့ Selfie တွေ ခေတ်စားနေ




လူမှုကွန်ယက်တွေမှာ Selfie ဓာတ်ပုံတွေရိုက်တင်တာ၊ ကိုယ့်မျက်နှာကို အဖုအပိန့်တွေ မရှိအောင် edit လုပ်ပြီး တင်တာမျိုးတွေဟာ မဆန်းတော့ပါဘူး။ ဒါပေမယ့် ခု တရုတ်မှာ ခေတ်စားနေတဲ့ selfie ရိုက်ပုံရိုက်နည်းကတော့ ဆန်းပါတယ်။ ယောင်္ကျားတွေ ချိုင်းမွှေးမရိတ်ပဲ စွတ်ကျယ်ဝတ်ပြီး ဓာတ်ပုံရိုက်တယ်ဆိုရင် ဘယ်သူက ဘာပြောမှာလဲ။ ခုဟာလည်း မိန်းကလေးတွေက ချိုင်းမွှေးတွေထားပြီး ဒါကို ချိုင်းပေါ်အောင် မြှောက်ပြီး ချိုင်းမွှေးပေါ်အောင် selfie ရိုက်တာကတော့ အားလုံးပါးစပ်အဟောင်းသား ဖြစ်စေမယ့် ရိုက်နည်းလို့ ပြောရမှာပေါ့။
တရုတ်က Weibo ဆိုတဲ့ဆိုက်နဲ့ သူတို့ပေ့ခ်ျမှာ ဒီလိုမိန်းကလေးတွေ ချိုင်းမွှေးအရှည်ပုံတွေ သူတို့ပေ့ခ်ျမှာ တင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီစာမျက်နှာကို ၀င်ကြည့်ခဲ့တဲ့သူပေါင်းများစွာရှိခဲ့ပြီး စိတ်ဝင်စားတဲ့ မိန်းကလေးတွေကလည်း ပုံပို့ပေးဖို့ သတ်မှတ်ထားတဲ့ ရက်ကျော်သွားပေမယ့် သူတို့ရဲ့ချိုင်းမွှေးနဲ့ ချိုင်းပုံတွေကို ဆက်လက်ပေးပို့နေခဲ့ကြတယ်လို့ သိရပါတယ်။ ခုလိုselfie မျိုး ရိုက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိန်းကလေးတွေဟာ ဒီလိုအမွှေးတွေ ရှိရှိ မရှိရှိ ကိုယ့်ကိုယ်ကို လှပတယ် ဆိုတဲ့အကြောင်း ယုံကြည်မှုရှိစေဖို့ပါတဲ့။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More