Tuesday, August 5, 2014



ခရီးသည် ၂၀၀ ခန့် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် ကူးတို့သဘောနစ်မြုပ်
Monday, August 4, 2014
ခရီးသည် ၂၀၀ ခန့် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘော တစ်စင်းသည် သြ ဂုတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က နစ်မြုပ်ခဲ့ကြောင်း နယ်မြေရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားသည်။
မြို့တော် ဒါကာအနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မွန်ရှီဂန်မြို့အနီးမှ ပဒမာမြစ်အတွင်း နစ်မြုပ်သွားခဲ့သည့် အဆိုပါ သင်္ဘောသည် ခရီးသည် တင်ဆောင်နိုင်သည့် ပမာဏ ထက် ပိုမိုတင်ဆောင်ခဲ့ပြီး
ရေပြင်မှာလည်း လှိုင်းကြီးနေသောကြောင့် ယခုကဲ့သို့ တိမ်းမှောက် သွားခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယခုအချိန်အထိ ခရီးသည် ၅၀ ကို ကယ်ဆယ်ထားပြီး ရဲနှင့် စစ်တပ်တို့က ကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Ref:AFP
mizzimaburmese.

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More