Friday, August 8, 2014

ASUS K450LC-WX057D Notebook






စွမ်းဆောင်ရည်

Notebook တစ်လုံးတွင် လိုအပ်သည့် processor ကတော့ Intel Corei5-4200U-1.6 GHz(Turbo Boost 2.3 GHz) ဖြင့်စွမ်းဆောင်ပေးမှာဖြစ်ပြီး Memory ကတော့ 4GDDR3 ပါဝင်သည်။ အချက်အလက်များကို 500GB Harddisk ဖြင့်သိမ်းဆည်းပေးမှာ ဖြစ်ပြီး
5400rpmနှုန်းဖြင့်လုပ်ဆောင်ပေးသည့်အတွက်လည်း laptop တစ်လုံးအတွက် လုံလောက်သည့်ပမာဏ တစ်ခုဖြစ်မည်ဖြစ် သည်။Mobile Intel HM86 Express Chipset ကိုအခြေခံပြီး ထုတ်လုပ်ထား တာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းအတွက်လည်း Nvidia GT720 ကိုအသုံးပြုထားကာ ဂရပ်ဖစ် Memory 2GB DDR3 ပါဝင်တဲ့အ တွက် ကလည်း ဂိမ်းတော်တော်များများကို ကောင်းကောင်းကစားချင်သူများ ၊ လုပ်ဆောင်ချက်ပိုင်းတွေ ၊ စွမ်းဆောင်ရည် ပိုင်းတွေ အမြင့်ကိုအသုံးပြုချင်သူတွေ အတွက် အဆင်ပြေစေမယ့် Notebook တစ်လုံးဖြစ်သည်။

အားသာချက်

၎င်း Notebook သည် Intel ၏ စတုတ္ထမြောက် မျိုးဆက် processor ဖြစ်သောကြောင့် battery life ပုံမှန်ထက် ပိုမိုတာရှည်ခံသည်။ စွမ်းဆောင်ရည်မြင့် မားပြီး ဂရပ်ဖစ် စွမ်းဆောင်ရည်ကို မြင့်မား အောင်သုံးပေးထားသည်။ အသံပိုင်း အနေဖြင့်Sonic Master Speaker သုံးပေးထားတဲ့အတွက် ကြည်လင်ပြတ် သားသောအသံကိုပေးစွမ်းသည်။

အားနည်းချက

တခြားသော brand များနှင့် နှိုင်းယှဉ်ပါက graphic chipset အနည်းငယ် နှိမ့်သွားခြင်းသည် အဆိုပါ Notebook ၏ အားနည်းချက်ဖြစ်သည်။

ဒီဇိုင်း

Notebook တစ်လုံးတွင်လိုအပ်သော USB 3.0 ports အပြင်တခြားသောလိုအပ်မည့် ports တွေကိုလည်း အစုံအလင်ထည့်ပေးထားသည်။ မျက်နှာပြင်ကတော့ ၁၄ လက်မ ကျယ်ဝန်းပြီး LED မျက်နှာပြင်ဖြစ် သည်။ resolution ကတော့ 1366x768 ထိရရှိမှာဖြစ်ပြီး ပါးလွှာပြီး ပေါ့ပါးတဲ့ design ဖြစ်ပါတယ်။

ဘက်ထရီ

4 Cells Li-ion Battery ကိုအသုံးပြု ထားသည့်အတွက် ဘက်ထရီသက်တမ်းကို နည်းနည်းပိုကြာရှည်ခံမည်ဖြစ်သည်။

တန်ဖိုး

ကန်ဒေါ်လာ ၆၆၉ ဖြင့် Golden Power Technology ဖုန်း - ၂၃၀ ၄၈၄၈၊ ၂၃၀၄၈၄၉ မှာဝယ်ယူရရှိနိုင်သည်။ အာမခံသက်တမ်းကတော့ ၂ နှစ်ရရှိမည်ဖြစ်သည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More