This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, August 11, 2014

သြစတြေးလျအေလိဂ် All Stars အသင်းကို ဂျူဗင်တပ် ၃-၂ ဂိုးဖြင့် အနိုင်ရ

ဆစ်ဒနီ−သြစတြေးလျနိုင်ငံ ဆစ်ဒ နီမြို့ရှိ အိုလံပစ်ဘောလုံးကွင်း တွင် သြဂုတ်လ ၁၀ ရက်က ယှဉ် ပြိုင်ခဲ့သော ရာသီကြို ချစ်ကြည် ရေးပွဲစဉ်တွင် ဒယ်ပီယာရို ဦး ဆောင်သည့် အေလိဂ်ဘောလုံး ကြယ်ပွင့်များအသင်းကို အီတလီ ချန်ပီယံ ဂျူဗင်တပ်က ၃-၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ မာဆယ်လို ကာရုစ်ကာနှင့် တွမ်မီဂျူရစ်တို့၏ သွင်းဂိုးများဖြင့် အေလိဂ်အသင်းက ဦးဆောင် ထားနိုင်သော်လည်း ဂျူဗင်တပ် က ကော်ရန်တေး၊ ပေါ့ဂ်ဘာနှင့် ပီပီတို့၏ ဒုတိယပိုင်းသွင်းဂိုးများ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်က အီတလီလက် ရွေးစင် ဘူဖွန်၊ ပီယာလို၊ အာဂျင် တီးနား လက်ရွေးစင် တီဗက်ဇ်၊ ပြင်သစ်လက်ရွေးစင်...

Saturday, August 9, 2014

Friday, August 8, 2014

မြွေဟောက်များနှင့် အတူနေထိုင်ရင်း ပျော်ရွှင်နေသည့် (၁၁)နှစ်သမီးလေး

ကာဂျိုလ်ခန်းသည် အိန္ဒိယနိုင်ငံမှ အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးဖြစ်သည်။ သူမသည် ကျောင်းတက်ပြီး အတန်းဖော်များနှင့် တွေ့ဆုံရခြင်းထက် နေအိမ်တွင် ရှိနေသည့် မိတ်ဆွေများနှင့်သာ ဆော့ကစားလိုသူ ဖြစ်သည်။ သူမ၏ မိတ်ဆွေများ ဆိုသည်မှာ အလွန်အဆိပ်ပြင်းသည့် မြွေဟောက်ကြီးများ ဖြစ်ကြသည်။အူတာပရာဒက်ရှ်ရှိ ဂါတမ်ပွာမှ မိန်းကလေးငယ်သည် သေဆုံးစေသည်အထိ အဆိပ်ပြင်းထန်သော မြွေဟောက်ကြီးများ၏ ကိုက်ခဲမှုကို အကြိမ်အချို့ ခံစားခဲ့ရဖူးသည်။ သို့သော်လည်း မိသားစုပိုင် ကုသနည်း တစ်ရပ်ကြောင့် သူမသည် အသက်မသေဘဲ ပြန်လည် ကျန်းမာလာလေ့ ရှိသည်။ ကာဂျိုလ်သည် အိပ်ခန်းထဲတွင် မြွေဟောက်ကြီးများကို ထားရှိပြီး အတူစား၊ အတူအိပ်သူ ဖြစ်သည်။“ သမီးက မြွေဟောက်ကြီးတွေနဲ့ နေရတာ အရမ်းပျော်တယ်။ သူတို့ကိုက်ရင်...

" ရေ ကြီးရင် သတိထား ကြပါ " "ရေထဲ လျှပ်စစ်များ စီးဆင်းနေ အမေရော သားရောသေ"

၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ် နေသောရေကို ဖြတ်လျှောက်သွားစဉ် မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့...

ဒုတိယတစ်ကိုယ်တော်ကို ဒီဇင်ဘာမှာ ထွက်နိုင်အောင်ကြိုးစားနေတဲ့ ထွန်းရတီ

အချစ်များစွာသီချင်းနဲ့ ပရိသတ်သိသွားခဲ့တဲ့ ထွန်းရတီက ခုတစ်ခါ ဒုတိယအယ်လ်ဘမ်တစ်ခုကို ချပြဖို့ ကြိုးစားနေတာကြောင့် ဒီအခွေနဲ့ ပတ်သက်ပြီး သူ့ကိုမေးကြည့်လိုက်တဲ့အခါ “ရတီ ဒုတိယခွေမှာလဲ အချစ်များစွာ သီချင်းလိုပဲ လူငယ်ဖက် သွားတဲ့ ပုံစံမျိုးလေးတွေ ရွေးထားတယ်။ ဒုတိယအခွေထဲမှာ အသည်းကွဲသီချင်းတွေလဲ ပါတယ်။ အချစ်အတွက်နဲ့ စွန့်စားရဲလားဆိုတဲ့ ကောင်မလေးဖက်က မေးထားတဲ့ပုံစံမျိုးလေးတွေ၊ ကောင်မလေးက အရမ်းအချစ်ကြီးလွန်းလို့နောက်ခါကျရင် နင့်ကို ဂရုမစိုက်တော့ဘူး။ ကိုယ့်ကိုကိုယ်ပဲ အချစ်ကြီးလွန်းလို့ ပြန်ဆုံးမမယ်ဆိုတဲ့ ဟာလေးတွေလဲ ပါပါတယ်။ ခုဒီခွေလေးမှာသီချင်း ၁၂ပုဒ်ဖြစ်မလား၊ ၁၄ ပုဒ်ဖြစ်မလား မသိသေးဘူး။ တေးရေးတွေကတော့...

၁၂ နှစ်အရွယ်သားနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရတဲ့ မိခင်

သူမရဲ့ အဖေါ်က အင်တာနက်ကင်မရာပေါ်ကနေ ညွှန်ကြားကြည့်ရှုနေချိန်မှာ ၁၂ နှစ်အရွယ်သားနဲ့ လိင်ဆက်ခဲ့တဲ့ မိခင်တစ်ဦးထောင်ဒဏ်ကျခံခဲ့ရပါတယ်။ သူမရဲ့သားကို အိပ်ရာထဲ လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုပြုလုပ်နေချိန်မှာ သူမက နားကြပ်ကို တပ်ဆင်ထားပြီး သူမရဲ့ချစ်သူက အင်တာနက်နဲ့ နိုင်ငံရပ်ခြား အဝေးတစ်နေရာကနေ ကြည့်ရှုနေတာဖြစ်ပါတယ်။ သူ့ကို မိခင်ဖြစ်သူက လိင်သင်ခန်းစာပေးနေချိန်မှာ သူ့အမေကို ဘယ်လိုလုပ်ရမလဲညွှန်ကြားနေတဲ့ အသံကို ကြားခဲ့ရတဲ့ကြောင်း အဲဒီ့ကောင်လေးက ရဲကိုပြောပြပါတယ်။ သူမရဲ့သားနှစ်ဦးထဲက သားကြီးဖြစ်သူကို အလွဲသုံးစားပြုလုပ်ဖူးကြောင်း အလွဲသုံးစားပြုလုပ်ခံရသူများကိုကူညီတဲ့ဌာနေ...

အောက်တိုဘာလမှာ ထုတ်လုပ်ရောင်းချမယ့် Apple ရဲ့ Apple iwatch နာရီ

Apple ကို ကြိုက်နှစ်သက်သူတွေအားလုံး Apple iwatch အကြောင်းနဲ့ ပတ်သက်ပြီး  ဖတ်ရှုရမယ့် သတင်းဖြစ်ပါတယ်။ Apple ကုမ္ပဏီက ရှေ့လအတွင်း ထုတ်လုပ်ရောင်းချနိုင်ဖို့ Apple iwatch ထုတ်ကုန်အသစ်ရဲ့နောက်ဆုံးအချောကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။ မတူညီကွဲပြားတဲ့ ပုံစံနှစ်မျိုးနဲ့ ၁.၇ လက်မ ၊ ၁.၃ လက်မ ရှိ မျက်နှာပြင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလက်ပတ်နာရီကို အမျိုးသားနဲ့ အမျိုးသမီး အတွက် နှစ်မျိုးစလုံး ရရှိနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် မျက်နှာပြင် ပိုမိုသေးငယ်တဲ့ အရွယ်အစားနဲ့ iwatch ကို တောက်ပတဲ့အရောင်နဲ့ အရောင်နှစ်မျိုးစပ်နဲ့ ရရှိမှာဖြစ်ပါတယ်။ လက်မှာပတ်လို့ ရတဲ့ Apple iwatch ကို OLED ဒီဇိုင်းနဲ့...

တရုတ်နိုင်ငံမှာ ချိုင်းရော၊ ချိုင်းမွှေးပါ ပေါ်အောင်ရိုက်တဲ့ Selfie တွေ ခေတ်စားနေ

လူမှုကွန်ယက်တွေမှာ Selfie ဓာတ်ပုံတွေရိုက်တင်တာ၊ ကိုယ့်မျက်နှာကို အဖုအပိန့်တွေ မရှိအောင် edit လုပ်ပြီး တင်တာမျိုးတွေဟာ မဆန်းတော့ပါဘူး။ ဒါပေမယ့် ခု တရုတ်မှာ ခေတ်စားနေတဲ့ selfie ရိုက်ပုံရိုက်နည်းကတော့ ဆန်းပါတယ်။ ယောင်္ကျားတွေ ချိုင်းမွှေးမရိတ်ပဲ စွတ်ကျယ်ဝတ်ပြီး ဓာတ်ပုံရိုက်တယ်ဆိုရင် ဘယ်သူက ဘာပြောမှာလဲ။ ခုဟာလည်း မိန်းကလေးတွေက ချိုင်းမွှေးတွေထားပြီး ဒါကို ချိုင်းပေါ်အောင် မြှောက်ပြီး ချိုင်းမွှေးပေါ်အောင် selfie ရိုက်တာကတော့ အားလုံးပါးစပ်အဟောင်းသား ဖြစ်စေမယ့် ရိုက်နည်းလို့ ပြောရမှာပေါ့။ တရုတ်က Weibo ဆိုတဲ့ဆိုက်နဲ့ သူတို့ပေ့ခ်ျမှာ ဒီလိုမိန်းကလေးတွေ ချိုင်းမွှေးအရှည်ပုံတွေ သူတို့ပေ့ခ်ျမှာ တင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။...

၂၀၁၅ရောက်ရင်တော့ ဂီတဘက်ကို ပိုပြီး လုပ်ဖြစ်မယ်လို့ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဂီတနဲ့ ရုပ်ရှင်ဘက်မှာ အောင်မြင်နေသူဖြစ်သလို၊ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေမြဲဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ခုနောက်ပိုင်း ဂီတထက် ရုပ်ရှင်ဘက်ကိုပိုပြီး လှုပ်ရှားဖြစ်နေတာ တွေ့ရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တဲ့အခါ သူက “သီချင်းအသစ်တွေလည်း ရေးဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့၂၀၁၃ခုနှစ်အတွင်းမှာတော့ ဂီတထက် ရုပ်ရှင်ဘက်ကို ကျွန်တော်ပိုပြီး လုပ်ခဲ့တာများတယ်။ လာမယ့်၂၀၁၅ခုနှစ် ရောက်ရင်တော့ သီချင်းဘက်ကို ပိုပြီး လုပ်ဖြစ်ဖို့ကို ကျွန်တော် စဉ်းစားထားပါတယ်။ ကျွန်တော့်ရဲ့ဒိတ်ဒိတ်ကြဲ MTV ကိုလည်း မိုးတွင်း မကုန်ခင်မှာ ထွက်ရှိဖို့ကြိုးစားနေပါတယ်။ အတွဲခွေတွေအနေနဲ့ကတော့ ချယ်ရီFM...

Zoom Nikkor ဖြင့် ချဲ့ယူရိုက် ကူးနိုင်သည်။ HD Video များကိုလည်း ရိုက်ကူးနိုင်ပြီး LCD စာကရင်မှာ ၂.၇ လက်မ အရွယ်အစားဖြစ်သည်။ Dry Cell Li-on ဘက်ထရီနှင့်ဖြစ်ပြီးဘက်ထရီ ကို အားသွင်းရန်အားသွင်းစက်ပါရှိသည်။ Memory Card 4GB ကို လက်ဆောင်အဖြစ် ထည့်သွင်းပေးထားသည်။ ဘော်ဒီမှာခပ်ပါးပါး ဒီဇိုင်းနှင့်ဖြစ်သည်။ Quick Effect/ Scene Auto Selector အစရှိသည့် အဆင့်မြင့်နည်းပညာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ တန်ဖိုးမှာကျပ် ၁၀၀,၀၀၀ ဖြစ်ပြီး အင်တာနက်ဂျာနယ်ယူဆောင် လာပါက ၁၀ ရာခိုင်နှုန်းဈေးလျှော့ ကာရောင်းချ ပေးမည်ဖြစ်သည်။ Multi Generation Electronics wholesales Centre ဖုန်း ၀၉-၇၃၂၄၀၁၂၃ တွင်ဆက်သွယ်ဝယ်ယူနိုင်သည်။...

ဒီမာရီယာ ဈေးကြီးလွန်း၍ ပီအက်စ်ဂျီနောက်ဆုတ်

ရီးရဲလ်မက်ဒရစ်မှ အိန်ဂျယ် ဒီမာရီယာမှာ ဈေးကြီးလွန်းသဖြင့် ၎င်းကို ခေါ်ယူရေး ပီအက်စ်ဂျီ ဘက်က နောက်ဆုတ် သွားသည်။မန်ယူအသင်းသည် ဒီမာရီယာ (၂၆)နှစ်ကို ခေါ်ယူရေး ရီးရဲလ်နှင့် ဆွေးနွေးနေသည်။ ဒီမာရီယာကို ခေါ်ယူရေး ဆွေးနွေးမှုများ ရပ်လိုက်ကြောင်းကို ၎င်းတို့ ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားသူဒေးဗစ်လူးဝစ်ကို မိတ်ဆက်ချိန်တွင် ပီအက်စ်ဂျီဥက္ကဋ္ဌ နက်ဆာအယ်လ်စီလိုင်ဖီက ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။ပီအက်စ်ဂျီဘက်က နောက်ဆုတ်သွားခဲ့၍ ထိပ်တန်းကွင်းလယ်ကစား သမားတစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေသော ဗန်ဂါးလ်မှာ ဒီမာရီယာအပေါ် အသစ်တစ်ဖန် စိတ်အားထက်သန်လာဖွယ်ရှိသည်။ဒီမာရီယာမှာ ရီးရဲလ်နှင့် ၂၀၁၈ အထိစာချုပ်ချုပ်ထား၍ ၎င်းအားခေါ်ယူရေး ပေါင် ၄၇ ဒသမ ၅ သန်းနှင့်အထက် ကမ်း လှမ်းရဖွယ်ရှိသ...

မွန်ပြည်နယ်ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး မြေပြိုမှုနှင့် တောင်ကျရေများကြောင့် နှစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံး

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်မှ စတင်ကာ ဒေသအချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေပြီး မြေပြိုမှုနှင့် တောင်ကျရေများကြောင့် လူနှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသည်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ရေကျဆင်းခြင်းကြောင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁ဝ၃၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ဩဂုတ် ၅ ရက်ညနေပိုင်းအချိန်မှစတင်ကာ ဘီးလင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခေဲ့ပြီး ဒေသခံများမှာ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း သတင်းရရှိသည်။ဩဂုတ် ၅ ရက် ညနေပိုင်းမှစတင်ပြီး ရေတဖြည်းဖြည်းတက်လာကြောင်း၊ ညပိုင်းအရောက်တွင် ကားလမ်းမပေါ်သို့ ရေများလျှံတက်သွားကြောင်း...

ကမ္ဘာ့အင်အားကြီး ခြောက်ပွင့်ဆိုင် အစည်းအဝေး မြန်မာတွင် ပြုလုပ်ဖွယ်ရှိ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်နေသော ရဲမေများကို သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))အာဆီယံအစည်း အဝေးများအတွင်း ပြုလုပ်ခြင်း နည်းပါးသည့် နာမည်ကျော် အင်အားကြီး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြေများနေကြောင်း သတင်းရရှိသည်။ရုရှား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီး ယားနှင့် တရုတ်စသည့် ခြောက်နိုင်ငံတို့သည် ၁၉၉၄ နောက်ပိုင်းမှစ၍အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သီးသန့်တွေ့ ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့သော်ပုံမှန်တွေ့ဆုံမှုမျိုးမရှိဘဲ အကြိမ်အရေအတွက်အလွန် နည်းပါးပြီး ယခုနောက်ဆုံး အစည်းအဝေးမလုပ်ဖြစ်သည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။နျူကလီးယားမပြန့်ပွားရေး...

ASUS K450LC-WX057D Notebook

စွမ်းဆောင်ရည် Notebook တစ်လုံးတွင် လိုအပ်သည့် processor ကတော့ Intel Corei5-4200U-1.6 GHz(Turbo Boost 2.3 GHz) ဖြင့်စွမ်းဆောင်ပေးမှာဖြစ်ပြီး Memory ကတော့ 4GDDR3 ပါဝင်သည်။ အချက်အလက်များကို 500GB Harddisk ဖြင့်သိမ်းဆည်းပေးမှာ ဖြစ်ပြီး 5400rpmနှုန်းဖြင့်လုပ်ဆောင်ပေးသည့်အတွက်လည်း laptop တစ်လုံးအတွက် လုံလောက်သည့်ပမာဏ တစ်ခုဖြစ်မည်ဖြစ် သည်။Mobile Intel HM86 Express Chipset ကိုအခြေခံပြီး ထုတ်လုပ်ထား တာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းအတွက်လည်း Nvidia GT720 ကိုအသုံးပြုထားကာ ဂရပ်ဖစ် Memory 2GB DDR3 ပါဝင်တဲ့အ တွက် ကလည်း ဂိမ်းတော်တော်များများကို ကောင်းကောင်းကစားချင်သူများ ၊ လုပ်ဆောင်ချက်ပိုင်းတွေ ၊ စွမ်းဆောင်ရည် ပိုင်းတွေ အမြင့်ကိုအသုံးပြုချင်သူတွေ...

Wednesday, August 6, 2014

အဆိုတော်ကောင်လေးနဲ့ သတင်းဟာ လုံးဝမဟုတ်ပါဘူးလို့ အတိအလင်း ထပ်ဖြေကြားလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဟစ်ဟော့ အဆိုတော်တစ်ယောက်နဲ့ သတင်းတွေ ထွက်နေခဲ့တဲ့ နာမည်လေးလုံးပိုင်ရှင် မော်ဒယ်လ်မင်းသမီးချောလေး သဉ္ဖာဇာနွယ်ဝင်းနဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သူမရဲ့လှုပ်ခတ်နေတဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး မေးကြလိုက်တဲ့ အခါမှာတော့ သူမက “အချစ်ရေးက မဖြေတော့ဘူးအစ်မ။ ရည်းစားတော့မရှိပါဘူး။ ဒါပေမဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး မဖြေတော့ဘူးလို့ဆုံးဖြတ်ထားလို့ပါ။ ဘာမှလဲ စိတ်ဝင်စားစရာလဲ မကောင်းဘူးဆိုတော့လဲ။ အခုသဉ္ဖာကဘယ်လိုဖြစ်သွားလဲဆိုတော့ ကိုယ့်ကိုကိုယ်တောင် ချစ်လို့မ၀တော့ တခြားသူကိုလဲ မချစ်ချင်ဘူး။ ပြီးတော့ ဒီအနုပညာ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဆို စိတ်ကမပြတ်သားဘူး။ အလုပ်ချိန်မှာ အလုပ်ပဲ ခေါင်းထဲထည့်ထားချင်တယ်။ ရည်းစားတွေထားရင် အဲ့ဒီဖက်ကို စိတ်ရောက်နေမှာစိုးလို့အရွယ်ကလဲ...

အာဖဂန်မှာ အမေရိကန်ဗိုလ်ချုပ် ပစ်သတ်ခံရ

အာဖဂန်နိုင်ငံ Kabul မြို့တော်မှာ အင်္ဂါနေ့က အာဖဂန်စစ်တပ် ယူနီဖောင်းဝတ်သူတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန် ဗိုလ်ချုပ်တယောက် သေဆုံးခဲ့ပြီး အမေရိကန်တွေ အပါအဝင် နိုင်ငံတကာတပ်သား ၁၅ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားသူဟာ အမေရိကန် ကြည်းတပ်မှာ ၃၄ နှစ်ကြာ တာဝန်ထမ်းခဲ့သူ ဝါရင့်ဗိုလ်ချုပ် Harold Greene ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အာဖဂန်စစ်ပွဲ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ကတည်းက သေဆုံးခဲ့တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေထဲမှာ သူဟာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ ဗိုလ်ချုပ် Greene အပြင် ဂျာမနီဗိုလ်ချုပ်တယောက် အပါအဝင် တခြားတပ်ဖွဲ့ဝင်တွေ Kabul မြို့တော်က Marshal Fahim ကာကွယ်ရေးတက္ကသိုလ်ကို ပုံမှန်သွားရောက်စဉ်မှာ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။...

ကျိုက်ထိုမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ် နေအိမ်များ ပျက်စီးပြီး ညောင်ပင်လဲကာ ရထားလမ်းပိတ်ဆို့

ကျိုက်ထိုမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ် နေအိမ်များ ပျက်စီးပြီး ညောင်ပင်လဲကာ ရထားလမ်းပိတ်ဆို့မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဘိုရားကြီးကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် သစ်ပင်များပြိုလဲခဲ့ပြီး ငါးဖမ်းလှေငယ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၃ ရက်၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်က ဘိုရားကြီးကျေးရွာအုပ်စု၊ ကမ်းနားပိုင်း အရှေ့ဘက်ခြမ်းတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ ယင်းလေဆင်နှာမောင်းကြောင့် ပျဉ်ထောင် အိမ် ၆ လုံး၊ တဲအိမ် ၃၂ လုံးနှင့် ငါးဖမ်းလှေငယ် ၁၀ စီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ မိုင်တိုင်အမှတ် (၉၄)နှင့် တစ်ဖာလုံခန့် အကွာတွင် ရထားသံလမ်းပေါ်သို့ ညောင်ပင်...

Tuesday, August 5, 2014

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ

Tuesday, August 5, 2014 လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။ အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။ ‘‘ကြည့်ရှုသူပြည်သူများအ နေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အ နှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ် သောပြဿနာများဖြစ်ပွားလာနိုင် ပြီးတစ်ဦးတစ်ယောက်၏ လုံခြုံ ရေးကို ထိခိုက်နိုင်ဖွယ်ရှိသဖြင့်...

နိုင်ငံသားဖြစ်ခွင့်လေး

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီ တစ်ထောင်ကျော် ယနေ့ လူတွေ့စစ်ဆေးမည် Tuesday, August 5, 2014 မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီတစ် ထောင်ကျော်အား ယနေ့ လူတွေ့ စစ်ဆေးမေးမြန်းခြင်းကို မြို့နယ် အဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။ လူတွေ့ စစ်ဆေးမေးမြန်း ခြင်းကို မြို့နယ်အဆင့် ဆောင် ရွက်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆို ပါအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေပညာရှင်များ၊ မြို့နယ် လ.၀.က၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦး၊ ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦး ပါဝင်မည် ဖြစ်ပြီး အချက်အလက်များကို လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း...

အရှုးံမပေးပါ

လောကဒဏ်ကို အရှုံးပေးတတ်သူဟာ ဘ၀မှာအမြဲတမ်းသိမ်ငယ်တတ်သူတွေ ဖြစ်လာပါတယ်။ ဘ၀အတွက် ပြိုင်ပွဲတွေ ဟာ သူများတွေနဲ့ မပြိုင်ခင် ကိုယ်တစ်ယောက်တည်း အရင်ပြိုင်ဆိုင်မှုရှိနေရမယ်။ ဒီနေ့ နဲ့ မနက်ဖန် ကိုယ့်ရဲ့စွမ်းအားတွေ ပြောင်းလဲတိုးတက်မှုမရှိရင် လောကဒဏ်ကို ပြိုင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဘ၀မှာ သူများထက်သာနေတဲ့သူတွေဟာ အများကြီးလုပ်နေတာမဟုတ်ပါဘူး။ သူများထက် နည်းနည်းလေးပိုလုပ်လိုက် တာပဲဖြစ်ပါတယ်။ အပြေးပြိုင်ပွဲမှာ ဦးစွာပန်းဝင်တဲ့သူတွေဟာ အခြားသူတွေထက် ခြေတစ်လှမ်းလောက်ပဲစောခဲ့တာပါ။ ယနေ့ အောင်မြင်နေတဲ့သူတွေဟာ သူများထက် နည်းနည်းလေးပိုလုပ်လိုက်တဲ့သူတွေပါပဲ။ ဒီနေ့ လုပ်တာထက်၊ မနက်ဖန်လုပ်တာ ပိုခရီးရောက်တိုင်း မိမိဟာ ပိုပြီးကြံ့ခိုင်လာပါတယ်။ တစ်နေ့ ထက်တစ်နေ့  ကိုယ်...

ခရီးသည် ၂၀၀ ခန့် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် ကူးတို့သဘောနစ်မြုပ် Monday, August 4, 2014 ခရီးသည် ၂၀၀ ခန့် လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘော တစ်စင်းသည် သြ ဂုတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က နစ်မြုပ်ခဲ့ကြောင်း နယ်မြေရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားသည်။ မြို့တော် ဒါကာအနောက်တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မွန်ရှီဂန်မြို့အနီးမှ ပဒမာမြစ်အတွင်း နစ်မြုပ်သွားခဲ့သည့် အဆိုပါ သင်္ဘောသည် ခရီးသည် တင်ဆောင်နိုင်သည့် ပမာဏ ထက် ပိုမိုတင်ဆောင်ခဲ့ပြီး ရေပြင်မှာလည်း လှိုင်းကြီးနေသောကြောင့် ယခုကဲ့သို့ တိမ်းမှောက် သွားခြင်းဖြစ်နိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ယခုအချိန်အထိ ခရီးသည် ၅၀ ကို ကယ်ဆယ်ထားပြီး ရဲနှင့် စစ်တပ်တို့က ကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း...

Universal Travelling Plug Adaptor =============== ပြည်တွင်းဈေးကွက်အတွင်းသို့ CLiPtec အမှတ်တံဆိပ် GZJ 171 မော်ဒယ်ဖြင့် Universal Travelling Plug Adaptor တစ်မျိုးဝင်ရောက်လာသည်။ နိုင်ငံတကာသို့အမြဲတမ်း သွားလာနေရသူများ အသုံးပြုရန်သင့်လျော်မည်ဖြစ်သည်။ Universal Travelling Plug Adaptor တွင် 2.1A ရှိသည့် USB Ports ၂ ပေါက်ပါဝင်သည့်အတွက် Tablet, Mobile phone, MP3, Digital Camera နှင့် USB Port ပါဝင်သောပစ္စည်းများဖြင့် ချိတ်ဆက်ကာ အားသွင်းခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ USA/AUST,UK,EUROPE နိုင်ငံထုတ် ပလပ်ခေါင်းများကိုလည်း ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၆,၀၀၀ ကျပ်ဖြစ်ပြီး ဖုန်း-၀၉၇၃၁၇၂၇၇၇၊ ၀၉-၇၃၀၆၈၁၆၃ ၌ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်သ...

Monday, August 4, 2014

အမေရိကန် အီဘိုလာဝေဒနာရှင် တိုးတက်မှုရှိ 4 August 2014 08:42(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က) လိုက်ဘေးရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရင်း အသက်အန္တရာယ် ပေးနိုင်တဲ့ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန် ဆရာဝန်ရဲ့အခြေအနေဟာ တိုးတက်မှုတွေ တွေ့လာရတယ်လို့ ထိပ်တန်း အမေရိကန် ကျန်းမာရေး အရာရှိတဦးက ပြောလိုက်ပါတယ်။ တခြားတသီးပုဂ္ဂလ လူနာတွေရဲ့ အနာဂတ်ကို ကြိုတင်ဟောကိန်းမထုတ်နိုင်ပေမဲ့ အားတက်စရာတော့ ကောင်းပါတယ်။ ရောဂါကူးစက်ခံခဲ့ရသူ Dr. Kent Brantly ရဲ့ အခြေအနေကတော့ ပိုမိုကောင်းမွန်လာ တာကို တွေ့ရတယ်လို့ အမေရိကန် ရောဂါထိန်း ချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့ အကြီးကဲဖြစ်သူ Tom Frieden က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ Dr. Brantly ကို အာဖရိက ကနေ အထူးသီးသန့်လုပ်ထားတဲ့...

မန်မာပရိသတ်တွေ အားပေးပုံကို ကြိုက်သွားပြီး နောက်လည်း ထပ်လာချင်ဟု ကိုရီးယားကေပေါ့ပ် 2NE1 အဖွဲ့ဆို မြန်မာပြည်သူများ၏ နွေးထွေးတဲ့ကြိုဆိုပုံမျိုးနဲ့ဆို နောက်ထပ်ပြီးတော့ အခေါက်ခေါက်အခါခါ မြန်မာပြည်ကို လာချင်ပါသေး တယ်ဟု 2NE1အဖွဲ့မှ ပြောကြား ခဲ့ကြောင်း သိရသည်။ 2NE1အဖွဲ့သည် မြန်မာပြည် သို့ ဇူလိုင် ၃၁ရက် ည ၁၁နာရီအ ချိန်တွင် ရောက်ရှိခဲ့ပြီး 2NE1အဖွဲ့ အားကြိုဆိုရန်အတွက် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပရိ သတ်အများအပြားသွားရောက်ကြို ဆိုခဲ့ကြောင်းသိရသည်။ ''2NE1 အဖွဲ့ကို ကျွန်တော် တို့မြန်မာနိုင်ငံက တော်တော်လေး ကို အားပေးကြတယ်။ သူတို့ရဲ့ပုံစံကို အပြင်မှာမြင်ဖူးချင်ကြလို့ ဆိုပြီးတော့ လေဆိပ်မှာ မနက်ကတည်းက လာ စောင့်နေလိုက်ကြတာ၊ တစ်နေကုန် ကို ထိုင်စောင့်နေကြတာကို...

ဒိုင်ဗင်ထိုး ပြိုင်ပွဲတွင် သြ စ တြေး လျ နိုင် ငံမှ အက်စ်သာချင်က ရွှေတံဆိပ်ဆု ဆွတ်ခူး စကော့တလန်နိုင်ငံ ဂလက်စ်ဂိုမြို့တွင် သြဂုတ် ၃ရက် နံနက်ပိုင်းက  ကျင်းပခဲ့သည့် ဓနသဟာယ အားကစား ပြိုင်ပွဲ၏ Springboard ဒိုင်ဗင်ထိုးပြိုင်ပွဲတွင် သြစတြေးလျနိုင်ငံ မှ အက်စ်သာချင်က ရွှေတံဆိပ်ဆုကို ရွှေတံဆိပ်ကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဒိုင်ဗင် ထိုးပြိုင်ပွဲတွင် ချင်သည် ရမှတ်ပေါင်း ၇၆ ဒသမ ၅ဝ မှတ်ဖြင့် ပြိုင် ဘက်များကို ကျော်ဖြတ်၍ ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အလားတူ ယင်း ပြိုင်ပွဲတွင် ကနေဒါနိုင်ငံမှ ဂျနီဖာအေဘယ်လ် က ငွေတံဆိပ်ဆုနှင့် အင်္ဂလန်နိုင်ငံမှ ဒိုင်ဗင် ထိုးရေကူးမယ် ဟန်းနာစတာလင်းက ကြေး တံဆိပ်ဆုကို အသီးသီး ဆွတ်ခူး သွားခဲ့ကြောင်း...

Friday, August 1, 2014

တာဝန်တွေများတယ် မလုံတဲ့ခေါင်မိုးကို ကာရံပေးဖို့ ရဲရဲနီတဲ့အခန်းကို ဆေးဖြူခြယ်ဖို့ ဦးစီးသူတစ်ယောက်ရဲ့သွေးဟာ အားဖြစ်ကြောင်းသက်သေပြဖို့ မြင့်မိုရ်တောင်ဟာ ဝမ်းရေမစပ်ခဲ့ကြောင်းနဲ့ မှင်နီတိုင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ရေးခြစ်ခဲ့တဲ့အတွက် တာဝန်တွေရှိသေးတယ်... ကြမ်းတစ်ခုလို ဆင်းလိုက်တတ်လိုက် လုပ်လဲခံဖူးပြီ ငြမ်းလို နင်းပြီ ဖျက်လိုက်တာမျိုးလဲနာဖူးပြီး ဘယ်ဝမ်းထဲပဲ ဝင်ကြည့်ကြည့် အပုပ်နံ့ပဲ သံသရာအထိစွဲတယ် မှတ်ပုံတင်နံပါတ်ကလွဲပြီး အရေးကြီးတယ်ထင်တာခဲ့တာတွေမေ့လိုက်မယ် ကျောကဓါးကိုလဲဆွဲနှုတ်ဖို့ မကြိုးစားဘူး နောက်တစ်စင်း လိုချင်မိတယ် တစ်ဘဝလုံးချမရေးဖြစ်တဲ့ အက္ခရာကို ဒီနှစ်ထဲမှင်ကြောင်ထိုးမယ် ဒီပုခုံးနှစ်ဖက်မှာ...

Pages 61234 Âť

Share

Twitter Delicious Facebook Digg Stumbleupon Favorites More